ပုသိမ် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့တို့၏ ညွှန်ကြားချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော သတ်မှတ်စျေးဆိုင်များကို လိုက်လံ စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် လမ်းဘေးဆိုင်များ၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာသက်သာ ဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများအား နံနက် (၆) နာရီမှ နေ့လယ် (၂) နာရီ အတွင်းသာ ဖွင့်လှစ်ရောင်းချရန်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား နေ့စဉ်နံနက် (၆) နာရီမှ ည (၇) နာရီအထိ Take-Away (ပါဆယ်) စနစ်ဖြင့် ဖွင့်လှစ်ရောင်းချရန်နှင့် ပုဂ္ဂလိကဆေးဝါး အရောင်းဆိုင် များကို နေ့စဉ်နံနက် (၆) နာရီမှ ည (၇) နာရီထိ ဖွင့်လှစ်ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာထားချက်အပေါ် လိုက်နာဆောင်ရွက်မှု ရှိစေရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)