ညောင်ဦး ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှအပြင်ထွက်သူတိုင်း နှာခေါင်းစည်း Maskတပ်ဆင်သွားလာစေရေး ပညာပေးလှုပ်ရှားမှု ယနေ့နံနက် ၈နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ကျန်းမာရေးရေးဦးစီးဌာနနှင့်ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ထားထားလွင် ဦးဆောင်သောအဖွဲ့ဝင်များသည် မဏိစည်သူဈေးနှင့်ဘုန်းစဉ် အခွန်လွတ်ဈေးအတွင်း အပြင်၊ ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာများ လူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာစေရေး၊ နှာခေါင်း စည်းတပ်ဆင်ရာတွင် စနစ်တကျတပ်ဆင်ကြရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန် လက်ကိုင်စပီကာဖြင့်ပညာပေးဆော်ဩခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရကာ နှာခေါင်းစည်း Mask အခု ၁၀၀၀နှင့် Face Shield အခု ၅၀တို့ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD