ကြံခင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး လက်တွေ့လေ့ကျင့်

ကြံခင်း  ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအန္တရာယ် ကျရောက်လာလျှင် အချိန်မီ ကယ်ဆယ် နိုင်ရေးအတွက် ရည်ရွယ်ပြီး အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဆက်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်စခန်းဝန်းအတွင်း လေ့ကျင့်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ်အတွင်း နေထိုင်လျက်ရှိသော ပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးလျှော့နည်းစေရေး၊ ရုတ်တရက် မီးဘေးအန္တရာယ်ကြား ပိတ်မိနေခြင်း၊ ရေဘေး အန္တရာယ်ကျရောက်ခြင်း၊ ကြိုးချည်လေ့ကျင့်နည်း 3 in 1 method နှင့် 2 in 1metob ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြုံလာပါအချိန်မီ ရှာဖွေကယ်ဆယ်နိုင်ရန်၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမဖြစ်စေရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ အသက်ကယ်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့် မှုအား ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။

အဆိုပါလေ့ကျင့်မှုတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်ပြီး သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး ဆက်တိုက်လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။

မိုးမိုး(ပြန်/ဆက်)