ဟင်္သာတ အ-ထ-က (၁) Quarantine Center သို့ ထမင်းထုပ်များ လာရောက်လှူဒါန်း

ဟင်္သာတ ဒီဇင်ဘာ ၁၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဟင်္သာတမြို့နယ် အတွင်းရှိ -ထ-က (၁) Quarantine Center ၌ ထားရှိသော ပြည်တွင်းမှပြန်လာသူများ၊ ထိစပ်လူနာများနှင့် အနံ့ပျောက်သူများ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြသော Volunteer များ စားသုံးရန်အတွက် ထမင်းထုပ်များကို ယနေ့ နံနက်ပိုင်းက အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့နေ အလှူရှင် ဦးအုန်းမြင့် ဇနီး ဒေါ်သန်းစော မိသားစုမှ လူဦးရေ (၉၀) ကျော်စာ အတွက် အင်ဖက်ထမင်း​ထုပ်များ လာရောက် လှူဒါန်းခဲ့ရာ Quarantine Center မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ အ-ထ-က (၁) Quarantine Center သို့ အလှူရှင်အသီးသီးမှ လိုအပ်သည်များကို ​နေ့စဉ် လာရောက်လှူဒါန်းလျက် ရှိကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)