(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကြိုတင်ပြင်ဆင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဘောလခဲ ဒီဇင်ဘာ ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီ(၁၅)မိနစ်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီအဖွဲ့များက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ရောင်စုံမီးများ တပ်ဆင်ထွန်းညှိနိုင်ရေး၊ နောက်ခံစာတန်းများကြိုတင်ပြင်ဆင်ထားရှိရေး၊ ကိုဗစ်-ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိရေးတို့ကို မှာကြားပါသည်။

ထို့နောက် သက်ဆိုင်ရာကျင်းပရေးကော်မတီအသီးသီးမှ ပြန်လည်ညှိနှိုင်းတင်ပြမှုအပေါ် ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှပြန်လည် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဖိုးရယ်