ခိုင်ကမ်းမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

ခိုင်ကမ်း         ဒီဇင်ဘာ    ၁၈

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူဗဟုသုတရရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့် နေ့စဉ် Facebook Page မှ ထုတ်လွှင့်ပြသလျက်ရှိပါသည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်၊ နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  မြို့လူမှုဝန်ထမ်းဦးစီးဌာနှင့် SACC(Social Actions For Communities Changes) ဖြင့် ပူးပေါင်းကာ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး  Talk Show ပြုလုပ်ခဲ့ပါသည်။

Talk Show တွင် ဒေါ်မာလာခိုင် (SACC)မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံ ဦးပီတာငိုင်အွမ်းမှ  မသန်စွမ်းသူများအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ထားရှိမှုများ၊ အများပြည်သူသိသင့်သည့် Convention on the Right of Person With Disabilities (CRDP) ပါအချက်အလက်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ မသန်စွမ်းသူများအတွက် ရေရှည်ရည်မှန်း ချက်ထားရှိမှုများနှင့် လုပ်ဆောင်ချက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)