ကွမ်းလုံ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် မြို့မစျေးအတွင်း စျေးရောင်းစျေးဝယ်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေး အတွက် နှာခေါင်းစည်း Mask တပ်ဆင်၍ စျေးရောင်း စျေးဝယ်ပြုလုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် စျေးရောင်းစျေးဝယ်များ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်၍ ရောင်းချခြင်းမရှိသည့် စျေးသည်များထံမှ စျေးဝယ်ယူခြင်းမပြုရေး အသိပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား Hand Speaker ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)