အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုမရှိစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေ

အိမ်မဲ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ယမန်နေ့က မြို့နယ်ကိုဗစ်(၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာ၌ ပါးစပ် နှာခေါင်းစည်း စနစ်တကျ မတပ်သူများ၊ လုံးဝမတပ်သူများကို မြို့နယ်ကိုဗစ်(၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အဖွဲ့(၃)ဖွဲ့ခွဲ၍ နေ့စဉ် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ကြပ်မတ်စစ်ဆေး ပညာပေးခြင်း ပြုလုပ်သကဲ့သို့ မြို့ထိပ် ခရီးသွားရာဇဝင် စစ်ဆေးရေးဂိတ်၊ မြို့အဝင်ခရီးသွား ထောက်ခံစာ စစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေ ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့ရှိသူ ယနေ့အထိ(၄၈)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၄၆)ဦးနှင့် ဆေးရုံ တက်ရောက်ကုသနေသူ (၂)ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)