တနင်္သာရီ ဒီဇင်ဘာ ၁၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ရောဂါကာလ စီးပွါးကုစားမှု အစီအစဉ်(CERP)အရ Cash For Work (CFW) စီမံကိန်းဖြင့် တမုတ်ချုန်းကျေးရွာအုပ်စု ရှမ်းအင်းတော်ကျေးရွာနှင့် ရေဖြူကျေးရွာတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဒီဇင်ဘာလ၁၇ရက်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင်နှင့်ဝန်ထမ်းများလိုက်ပါပြီး ကွင်းဆင်းစစ် ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြိတ်ခရိုင် ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် အဖွဲ့သည် တမုတ်ချုန်းကျေးရွာအုပ်စု- ရှမ်းအင်း တော်ကျေးရွာ ကျောင်းခြံစည်းရိုး ကာခြင်းအရှည်(၁၄၉၀ပေ)၊အမြင့်(၅ပေ)လုပ်ငန်းနှင့် ရေဖြူကျေး ရွာအတွင်း မြေသားလမ်း ပြုပြင်ခြင်း(၃၆၅ပေ၊ ၁၂ပေ၊ ၁၂ပေ)လုပ်ငန်း၊ လမ်းဘေးရေမြောင်း တူးဖော် ခြင်း(၂x ၅၉၀၀ပေ x၂ပေ x၂ပေ)လုပ်ငန်းများ ဆောင်ရွက်ပြီးစီးအခြေအနေအား ကွင်းဆင်းစစ်ဆေး ပြီး ငွေစာရင်းဇယားများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာ ကော်မတီဝင် များအားတွေ့ဆုံ၍ လက်ရှိဆောင်ရွက်ထားသော လုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးကြရန် မှာကြားခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာ (၁၄)ရွာရှိပြီး၊ ၎င်းကျေးရွာတစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း(၁၀၀)စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆိုပါကျေးရွာ ကော်မတီဝင်များ၏ဦး ဆောင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)