တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်မြတ်ကြီးသို့ မူလဌာပနာတော်များ ပူဇော် ပင့်ဆောင်

 

တန့်ယန်း  ဒီဇင်ဘာ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် အသစ်တည်ဆောက်လျက်ရှိသော အောင်တော်မူစေတီတော်မြတ်ကြီး၌ မူလဌာပနာတော်များ သွင်းလှူပူဇော်မည့်ဖြစ်ရာ ဌာပနာတော်များ ပူဇော်ပင့်ဆောင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက နေမိန္ဓရကုန်းတော် အောင်တော်မူစေတီတော် မြတ်ကြီး၌ ကျင်းပသည်။

အဆိုပါ အောင်တော်မူစေတီတော်မြတ်ကြီးတွင် သွင်းလှူပူဇော်မည့် မူလဌာပနာတော်များအား ပူဇော်ပင့်ဆောင်ပွဲတွင် မြို့နယ် သံဃနာယကအဖွဲ့မှ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ဦးဆောင်၍  နယ်မြေခံ တပ်နယ်မှူးကြီး ဗိုလ်မှူးကြီး ခွန်အောင်သွင်နှင့် တပ်နယ်အသီးသီးမှ အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် စေတနာရှင်များက သွင်းလှူပူဇော်မည့် မူလဌာပနာတော်များ အား အောင်တော်မူဓမ္မာရုံမှ စေတီတော်ကြီးသို့ ပူဇော်ပင့်ဆောင်ခဲ့ကြကြောင်းနှင့် မူလဌာပနာတော်များ သွင်းလှူပူဇော်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                                          

မင်းလွင်ဦး(ပြန်/ဆက်)