မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မဘိမ်း     ဒီဇင်ဘာ     ၁၈   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်း ဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်နိုင်က ကျောင်း ဆောင်သစ်အား စံချိန်စံညွှန်းနှင့်အ ညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀၀)၊ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း(၂၀၀)၊ Forever Group မှငွေကျပ် သိန်း(၁၀၀)နှင့် အလှူရှင်များမှလှူဒါန်းငွေကျပ်(၃၂) သိန်းကျော်တို့အား စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်သွားရန်၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေးအတွက် လိုအပ်လျက်ရှိသော ပစ္စည်းများအား ကော်မတီ ဝင်များမှ စနစ်တကျဝယ်ယူဖြည့်ဆည်းနိုင်ရေး အတွက် ကြိုတင်စီမံမှုများ ဆောင်ရွက်သွားရန်၊ ရရှိလာ သောအလှူငွေများအား စနစ်တကျသုံးစွဲနိုင် ရေးအတွက် ကော်မတီဝင်များမှ ကြီးကြပ် ဆောင်ရွက် သွားရန်၊ ကျောင်းဆောင်သစ်အား အလျား (၁၃၀)ပေ၊ အနံ(၃၀)ပေနှင့် အမြင့် (၂၄)ပေရှိ RCC (၂)ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းများ နှင့်ပတ်သက်၍ လုပ်ငန်းကဏ္ဏများ အလိုက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းများလက်ခံဆောင်ရွက် မည့်သူများထံသို့ မြို့နယ်ကြီးကြပ်မှုကော်မတီမှ စနစ်တကျ အပ်နှံဆောင်ရွက်သွားရန်နှင့် ကျောင်းဆောင်သစ်အား အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ကျောင်းဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်းများအား ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို၊ လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ်ဆောက်လုပ်ရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)