မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

မော်လမြိုင်ကျွန်း   ဒီဇင်ဘာ   ၁၈

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၆  ဦးရှိပြီး မြို့နယ်ကုတင် - ၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ  Positive   လူနာ  ၆၄  ဦးရှိ ကာ  သေဆုံးလူနာ ၃ ဦးနှင့် ကျန်းမာရေး ကောင်းမွန်စွာဖြင့်ဆေးရုံမှဆင်းသူ ၃၅၉ ဦးရှိပြီဖြစ်သည်။

ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် မြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ အဖွဲ့ (၆)ဖွဲ့ ခွဲ၍မြို့နယ်အတွင်းရှိ ပြည်သူများ  နေအိမ်ပြင်ပသို့ထွက်ခွာပါ နှာခေါင်းစည်း (Mask) များတပ်ဆင်မှု ရှိမရှိစစ်ဆေး၍ မတပ်ဆင် ထားသောသူများအား အခမဲ့ပေးဝေတပ်ဆင်စေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။   

အဆိုပါ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ လမ်းများ၌စောင့်ကြပ်စစ် ဆေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။ 

အောင်အောင်(ပြန်/ဆက်)