ပန်းတနော် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က လိုက်လံစစ်ဆေး ခဲ့ကြသည်။
ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်း စည်းကမ်းသတ်မှတ်ချက်နှင့် အညီရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးခဲ့ပြီး အဆိုပါဆိုင်များအား နံနက် ၆ နာရီမှ ည ၇ နာရီ အထိသာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး စည်းကမ်းလိုက်နာမှုမရှိသော စားသောက်ဆိုင်များ တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)