မိုင်းရယ် ဒီဇင်ဘာ ၁၈
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျန်းမာရေး လက်လှမ်း မှီရရှိနိုင်ရေး ရန်ပုံငွေ (Access to Health Fund)၏ ပံ့ပိုးမှုဖြင့် မိုင်းရယ်မြို့နယ်တွင် Save the Children အဖွဲ့က အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိခင်၊ မွေးကင်းစ နှင့် ၅နှစ် အောက်ကလေး ကျန်းမာရ မံချက် ပြီးဆုံးကြောင်း အသိပေးခြင်း အခမ်းအနားကို မိုင်းရယ် မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် Save the Children မှ တာဝန်ခံစီမံချက်ညှိနှိုင်းရေးမှူး ဦးအောင်ကိုကို မှ ၂၀၁၉-၂၀၂၀(၂)နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု များအားကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်းများပြုလုပ်သည်။
ထို့နောက် Save the Children မှ တာဝန်ခံစီမံချက်ညှိနှိုင်းရေးမှူး ဦးအောင်ကိုကိုမှ စီမံကိန်းနှင့် ပတ်သက်သည့် စာရွက်စာတန်းများကို မိုင်းရယ်မြိုနယ် ဆေးရုံအုပ်ကြီး ဒေါက်တာ သီရိထွန်း ထံသို့လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်ခဲ့သည်။
ယင်းအခမ်းနားကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် Save the Children မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)