အမာမြို့၌ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုများ လိုက်လံကြည့်ရှု

အမာ     သြဂုတ်     ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထားကြေညာပေးလျက် ရှိသည်။

ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်/ ကျေးရွာအလိုက် ကပ်ထားကြေညာထားမှုများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်လဝက ဦးစီးမှူး ဦးဇော်လွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်သွင်နှင့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်း၍ မဲစာရင်းအခြေအနေ၊ မဲပေးခွင့်ရှိသူမကျန်စေရေး၊ ဆန္ဒမဲပေးခွင့်ရှိသူအမည်စာရင်း လာရောက်ကြည့်ရှုမှု အခြေအနေများနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းမှုရှိပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ တာဝန်သူများထံ မေးမြန်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

နော်လေး(ပြန်/ ဆက်)