ဟားခါး ဒီဇင်ဘာ ၁၈
ဟားခါးမြို့ပေါ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ စျေးဆိုင်များတွင် စစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါကွင်းဆင်း စစ်ဆေးရာတွင် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်၊ ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်သိန်း၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှချို၊ ဟားခါးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှိုင်၊ ဟားခါးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင့်ဝေ၊ အမှတ်(၄)မူးယစ်ရဲတပ်ဖွဲ့စုမှ ရဲမှူးပန်းအောင်၊ မှုခင်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးသိန်းဇော်၊ ဟားခါးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဖြိုးဝေနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် သည့်အဖွဲ့သည် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ စျေးဆိုင်များသို့ရောက်ရှိ၍ ထိန်းချုပ်ဓါတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်းသိရှိရသည်။
ဟားခါးမြို့ပေါ်စျေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဘတ္ထရီသုံးအက်ဆစ်ကွန်ပေါင်းရည်၊ ကြွေချေးချွတ် ဆေးလုပ်ငန်းသုံး ကော်များ၌ ပေါင်းစပ်ပါဝင်လျက်ရှိသည့် ထိန်းချုပ်ဓာတု ပစ္စည်းများ၏ အန္တရာယ်နှင့် လုပ်ငန်းသုံးကော်များကို အလွဲသုံးနိုင်သည့် လူငယ်လူရွယ်များအား ရောင်းချခြင်း မပြုရန်၊ လုပ်ငန်းလိုအပ်ချက်များထက် ပိုမိုဝယ်ယူသူများအား ရောင်းချပေးခြင်းမပြုရန်နှင့် မသင်္ကာဖွယ်ရာ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ချက်ချင်းသတင်းပို့ခြင်း ဆောင်ရွက်ပေးကြရန်များ အသိပညာပေးဆောင်ရွက်ပေးခဲ့ကြကြောင်း၊ အဆိုပါ ထိန်းချုပ်ဓာတု ပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို တစ်လ(၁)ကြိမ်နှုန်း စစ်ဆေး ပေးလျက်ရှိပြီး ထိန်းချုပ်ဓါတုပစ္စည်းများ လမ်းလွှဲရောက်ရှိ စေသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)