မယ်စဲ့ ဒီဇင်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးရေးနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် လျာထားဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက် ၁၀ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့်အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့်အဖွဲ့သည် ဗိုလ်ချုပ်လမ်းကျောက်စီရေမြောင်း ပလပ်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် လွတ်လပ်ရေးကျောက်တိုင်ကွင်းရင်ပြင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မယ်စဲ့-ဟိုစဲ့ လမ်းပေါ်ရှိ ကျောက်စီရေမြောင်း ပလပ်ဖောင်းအဆုံးနေရာတွင် ၂၄ ပေ Box Culvert တည်ဆောက်မည့်လုပ်ငန်း၊ မြောက်ပိုင်းရပ်ကွက် ဗိုလ်တိုက်ချွန်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ကြရန် သက်ဆိုင်ရာဌာန ဆိုင်ရာများအား မှာကြားခဲ့သည်။
ထို့နောက် ၂၀၂၁-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်း မြို့သန့်ရှင်း သာယာလှပရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားတင်ပြ နိုင်ရေးအတွက် မြောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းကျောက်စီရေမြောင်း ပလပ်ဖောင်း ဆောင်ရွက်မည့်နေရာ၊ မြို့တွင်းလမ်း ကတ္တရာလမ်းပခုံး ဆောင်ရွက်ရန်နှင့် AC လမ်းခင်းရန် ဆောင်ရွက်မည့်နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)