မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

မိုင်းယောင်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြု တပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လာရောက်လှူဒါန်းရာတွင် နန်းဒေါင်ရှဲန် မိသားစုက အလှူငွေ ကျပ် ၂၀၀၀၀၊ ဦးစိုင်းခမ်းနွံမိသားစုက ကျပ် ၁၀၀၀၀၊ ဦးနန်တွီမိသားစုက ၁၅၀၀၀ ကျပ်၊ ရွှေနမ့်ခေါင်ဝပ်ရှော့မိသားစုက ကျပ် ၅၀၀၀၀၊ မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွှမ်းမိုး မိသားစုက examination gloves ငါးဘူး၊ ဒေါ်နန်းဘွန်းပန်က ကျပ် ၅၀၀၀၀၊ မိုင်းယောင်းဆောက်လုပ်ရေးပစ္စည်းဆိုင်မှ  Latex household gloves ၃ ဘူး နှင့် ကျပ်ငွေ ၁၀၀၀၀၀၊ ရွှေသရဖူဆေးဆိုင် မိသားစုမှ Hand Gel နှစ်ဘူး၊ Mask နှစ်ဘူး၊ ခွဲစိတ်ခန်းသုံးဦးထုပ် ၁၀၀ ခုပါ နှစ်ထုပ်၊ Apron ၁၀၀ ခုပါ တစ်ထုပ်၊ ROSESARGHAN လူငယ်အဖွဲ့မှ ငွေကျပ်   ၁၀၀၀၀၀၊ ရွှေနဂါးဆေးဆိုင် မိသားစုက ငွေကျပ် ၅၀၀၀၀ တို့ကို အသီးသီး လာရောက် လှူဒါန်းခဲ့သည်။

မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက အလှူရှင်တွေများမှ ကျွန်တော်တို့အတွက်ကို နံနက်စာ၊ နေ့လည်စာနဲ့ ညနေစာတွေကိုလည်း လာရောက် လှူဒါန်းပေးလျက်ရှိပါတယ်၊ အဆိုပါ လှူဒါန်းရရှိတဲ့ ထမင်းကြော်၊ ကြက်ဆီထမင်းတွေကို  မိုးလုံလေလုံ Quarantine Center၊ မြို့ပေါ်ရှိ Hotel Quarantine ဝင်ရောက်နေသူများနဲ့ ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းများတွေကို  ထပ်ဆင့်ပို့ဆောင် လှူဒါန်းပေးခဲ့ပါတယ်ဟု ပြောကြားသည်။

နန်းစီဖေါင်း