ပြင်ဦးလွင် ဒီဇင်ဘာ ၁၈
ပြင်ဦးလွင်မြို့နယ်မှ လေယာဉ်စီးခရီးသွားမည့်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးခြင်းအား ပြင်ဦးလွင်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
လေယာဥ်စီးခရီးသွားမည့် သူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လေယာဉ်လက်မှတ် မူရင်း၊ မိတ္တူတို့နှင့်အတူ ခရိုင်ပြည်သူ့ကျန်းမာရေးရုံးတွင် စာရင်းသွင်း၍ စစ်ဆေးခကုန်ကျမည့်ငွေသွင်းကာ စစ်ဆေးမည့်နံပါတ်စဉ်အား ရယူနိုင်မည်ဖြစ်သည်။
နံပါတ်စဥ်စာရွက်တွင် စစ်ဆေးရမည့် အချိန်၊နေ့ ရက်တို့အား ရေးသားဖော်ပြထားမည်ဖြစ်ပြီးချိန်းဆိုသည့်နေ့တွင် မိမိအစီအစဉ်ဖြင့် နံပါတ်စဉ်ရွက်တစ်ပါတည်းယူဆောင်၍ပြင်ဦးလွင် မီးပုံးပျံကွင်းသို့လာရောက်စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။
လေယာဥ်စီ ခရီးသွားမည့်သူများအား စစ်ဆေးမည့်အချိန်မှာ ပုံမှန်အားဖြင့် မနက် (၉) နာရီခွဲခန့် ဝန်းကျင်တွင်စစ်ဆေးပေးမည်ဖြစ်ပြီး စစ်ဆေးပြီးပါက မိနစ် (၂၀)ခန့်အဖြေစောင့်ဆိုင်း ပေးပါရန်နှင့် ကိုဗစ်-၁၉ ပိုးမတွေ့ (NEGATIVE) အဖြေအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနသို့လာရောက်ယူဆောင်နိုင်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ပိုးတွေ့POSITIVE အဖြေရရှိသူအဖြင့် အိမ်ပြန်ခွင့် ရှိမည်မဟုတ်ဘဲ ဆေးရုံသို့ ပို့ဆောင်ကုသမှု့ခံယူရမည်ဖြစ်ကြောင်း နှင့် ဆက်သွယ်ရန်ဖုန်း 09401586462 အား ဆက်သွယ်မေးမြန်းနိုင်ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးမှသိရသည်။
မြတ်ဆုမွန်