ပြင်စလူမြို့တွင် မသန်စွမ်းသူများအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ပြင်စလူ   ဒီဇင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မသန်စွမ်းသူများ အသိပညာပေး (Talk Show)အစီအစဥ်ကို ယနေ့နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက မသန်စွမ်းသူများ၏အခွင့်အရေး  ဥပဒေ များကိုဆွေးနွေးခဲ့ပြီးမြို့ မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ  လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်မိုးဇော်က မသန်စွမ်းသူများဥပဒေ၏ ရည်ရွယ်ချက်များကို ဆွေးနွေးခဲ့ပြီး မြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ချောစုဝင်းက မသန်စွမ်းသူများနှင့် ပတ်ဝန်းကျင်ဆက်ဆံမှုများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)