ခရိုင်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၂၀) ကျင်းပ

လပွတ္တာ  ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ် အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်သည့် လုပ်ငန်းများ  တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ (၁၀) နာရီအချိန်ခန့်က လပွတ္တာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် လပွတ္တာခရိုင်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ က ရောဂါ ကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်၊ ရောဂါ ကာကွယ်ရေးအတွက် အဓိက လိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဒေသခံပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် ကုန်းလမ်း/ရေကြောင်း အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရေး၊  မြို့နယ်တွင်လည်း ပိုးတွေ့လူနာများလာပြီး ကိုဗစ်  - ၁၉ ရောဂါ မပြန့်ပွားစေရေးအတွက် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက် များတွင် သန့်ရှင်းရေးဆောင်ရွက်ရေး၊ ရပ်ကွက်များတွင် ကိုဗစ် - ၁၉ လုပ်ငန်းကော်မတီကို အမည်နှင့်တကွ ပြန်လည် ဖွဲ့စည်းရေး၊ ဟိုတယ် Quarantine ထားရှိသည့် တည်းခိုခန်းကို ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေး၊ နာရေးကိစ္စ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ စည်ကမ်းချက် (၁၄) ချက်နှင့်အညီ ဆောင်ရွက်ရေး၊ လပွတ္တာမြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာများ များလာသည့်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ခရိုင်/မြို့နယ် အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက အသီးသီး​​ဆွေးနွေးခဲ့ရာ​ ဆွေးနွေးချက်များကို ခရိုင်အဆင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက တာဝန် ရှိသူများနှင့် ပေါင်းစပ်​ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက ရပ်/ကျေး အုပ်ချုပ်ရေးမှူး များကိုလည်း Mask အထုပ်များကို ပေးဝေခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)