ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပင်းတယ   ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊  ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ   ဦးစီးမှူး  ဦးအောင်ကျော်က၊ ပင်းတယမြို့ နယ်အတွင်းရှိ  MSY, VDP, CFW, VRFP  ရရှိပြီး ကျေးရွာများနှင့် လျာထားနိုင်သည့် ကျေးရွာများစာရင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက်    ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်    အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး ၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး  ဦးရန်မျိုးနိုင်၊  မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးနေမျိုးဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)