နမ့်ဆန် ဩဂုတ် ၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးက နမ့်ဆန်မြို့နယ် ကျေးရွာအုပ်စုများရှိ ပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စုတွင်အထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများတို့က နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် မဲစာရင်းပါရှိပြီး နိုင်ငံသားမှတ်ပုံတင်မရှိသူများအား စာရင်းကောက်ယူရာ မြို့သစ်ကျေးရွာအုပ်စုတွင် (၁၀၄)ဦး၊ နမ့်တွေကျေးရွာအုပ်စုတွင် (၂၄)ဦး၊ ကျောက်ဖြူ လေးကျေးရွာအုပ်စုတွင် (၄၀)ဦး၊ အနောက်ကင်း ကျေးရွာအုပ်စုတွင် (၇၂)ဦး၊ ကောင်းက လောကျေးရွာ အုပ်စုတွင် (၅၃)ဦးနှင့် ယနေ့တွင် ပန်နင်းကျေးရွာအုပ်စုတွင်ဆောင်ရွက်ပေးနေပြီး နိုင်ငံသား မှတ်ပုံမရှိ သူများအား စာရင်းကောက်များ ကောက်ယူခြင်း၊ အချက်အလက်များဖြည့်သွင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားရရှိအောင် ဆောင်ရွက်ပေးသွား မည်ဟုသိရသည်။ ထို့ပြင် ကျန်ရှိသည့် ကျေးရွာ အုပ်စုများတွင်လည်း ထပ်မံကွင်းဆင်း၍ အသက်(၁၈)နှစ် အထက် မဲစာရင်းပါရှိပြီး နိုင်ငံသား မှတ်ပုံတင် မရှိသူ များအား စာရင်းများကောက်ယူပြီး နိုင်ငံသားမှတ်ပုံတင် ရရှိအောင် ဆောင်ရွက်ပေး သွားမည် ဟုသိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)