ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေး ပြုလုပ်

မိုင်းရှူး   ဒီဇင်ဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁ဝ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်း ကော်မတီ ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ္ဋ်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရေး ကျန်းမာရေးစစ်ဆေး​ရေး ဂိတ်များ ဖွင့်လှစ်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များကို ရပ်ကွက်အလိုက် ဆော်သြခြင်းလုပ်ငန်းများ အရှိန်အဟုန် မပြတ် ဆောင်ရွက်သွားရန်၊ စျေးများတွင် စျေးရောင်းသူ/စျေးဝယ်သူများ Mask နှင့် Face Shield များမဖြစ်မနေတပ် ဆင်ရေးအသိပေးခြင်းကိုဌာနပေါင်းစုံ နှင့်စနစ် တကျ ပူးပေါင်း၍ ဆောင်ရွက်သွားရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့် ပတ်သက်၍ အကြံပေး ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းမှ မိမိဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း များကို နေ့စဥ◌် နံနက်ပိုင်း၌ စျေးများ အတွင်း လှည့်လည်၍ လက်ကိုင်စပီကာဖြင့် ဆော်သြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ရပ်ကွက်အုပ်ချုပ် ရေးမှူးများအနေဖြင့် ရပ်ကွက်ရှိ ပြည်သူများအား မိမိအိမ်မှ ထွက်လျှင် ပါးစပ်/နှာခေါင်းစည်းမဖြစ်မနေတပ် ဆင်ရေးအသိ​ပေးဆော် သြပေးရန်၊ မိမိဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများအရှိန် အဟုန်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ထို့နောက်အစည်းအဝေးတက်ရောက် ခဲ့ကြသော ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)