ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၈
ပူပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာချိန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူများ အလေးထား သတိရှိရှိ ကြိုတင်ကာကွယ်ဆောင်ရွက်ရန်အတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း စစ်ဆေးခြင်းကို တနင်္သာရီတိုင်း ဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့ မီးသတ်နယ်မြေစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ကဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို ပြည်ကြီးမဏ္ဍိုင်မီးသတ်နယ်မြေစခန်းမှ မီးသတ်ဦးစီးမှူး ဦးသန်းဇော်ထွန်းနှင့်တပ် ဖွဲ့ဝင်များနှင့် ထောင်ငါးသိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးလွင်မိုးသူနှင့် အုပ်ချုပ်ရေး အဖွဲ့တို့ပူး ပေါင်း၍ ထောင်ငါးသိုင်းကျေးရွာ နှင့် ချောင်းမွန်ကျေးရွာတို့တွင် တစ်အိမ်တက် ၊တစ်အိမ်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)