တံတားဦး၊ ဒီဇင်ဘာ ၁၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်(၁၀)နာရီက PPEဝတ်စုံများ ၊ ကျန်းမာရေး သုံးပစ္စည်းများနှင့် အလှူငွေတို့ကို လာရောက် လှူဒါန်းကြောင်းသိရသည် ။
ထိုသို့လှူဒါန်းရာမှာ တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်မှ PPE ဝတ်စုံ (၅၀)စုံ ၊ Level-2 ဝတ်စုံ (၅၀)စုံ ၊ Cup (၂၀၀)ခု Hand GaL (၂၄)ဗူး Face Shield (၂၅၀) ခု Mask (၇၀၀)ခု ၊ ဆပ်ပြာဆီ ((၂၄)ဗူး ၊ လက်အိတ်(၁၀၀၀)ခုကိုလည်းကောင်း ၊ စကားအင်းကျေးရွာ ဦးဌေး+ဒေါ်ကျွဲ မိသားစုမှ Wheel Chair တစ်လုံးနှင့် အလှူငွေ(၅)သောင်းကျပ်ကိုလည်းကောင်း ၊ တံတားဦးမြို့နယ် ဈေးချိုကျေးရွာ ဦးဘကွန့် နှင့် ဒေါ်မြင့်မြင့် (အင်းသူသရက်ချဉ်လုပ်ငန်း )မိသားစုမှ PPEဝတ်စုံ (၂၀)စုံကိုလည်းကောင်း ၊တံတားဦးမြို့ ဥတည်ရပ် မယ်တော်ကြီး ဒေါ်ရူပသိင်္ဂီ မှအလှူငွေကျပ်(၁)သိန်းတို့ကိုအသီးသီးလာရောက်လှူဒါန်းကြရာမြို့နယ်ဆရာဝန်ကြီးဒေါက်တာမြင့်ဦးနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)