မိတ္ထီလာ၊ ဒီဇင်ဘာလ ၁၈
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်ရန် ယမန်နေ့ နံနက် ၈ နာရီအချိန်က ရတနာမာရ်အောင် ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ဇွဲရုံဂိတ်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကြောင့်ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ ကင်းဝေး စေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများ နေအိမ်များတွင် နေထိုင်ကြ ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေပြင်ပသို့ ထွက်ခွာရပါက နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြရန် ရပ်ကွက် ကျေးရွာများတွင် အသိပေးညွှန်ကြားထားရှိပြီးဖြစ်ရာ အဆိုပါ ညွှန်ကြားချက်များကို ဒေသခံပြည်သူများက လိုက်နာမှုများ ရှိမရှိ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စစ်ဆေး ဆောင်ရွက်ရာတွင် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်းများ တပ်ဆင်နိုင်စေရန် ရောင်းချ ပေးပြီး နောင်တွင်လိုအပ်ချက်ရှိ၍ နေအိမ်မှ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြ စေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)