ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ Campaign ပြုလုပ်

ထားဝယ်   ဒီဇင်ဘာ ၁၈

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ တွင်ရွှေ့ပြောင်းသွား လာသူများ အနေဖြင့် ဘေးကင်းလုံခြုံပြီး ကျန်းမာစွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ ယနေ့န့နက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်း၊ ကမြောကင်းတံတားအနီးမီးပွိုင့်လမ်းဆုံတွင် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်

ထိုနောက်ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးကိုကိုနိင်နှင့် တပ်ဖွဲ့ဝင်များက ကမြောကင်း တံတားအနီးမီးပွိုင့်လမ်းဆုံ၌ ခရီးသွား လာပြည်သူများအား ရွေ့ပြောင်းမသွားလာမီ သင်သိရှိထားရမည့်အချက် အလက်များပါစာအုပ်(၁၀၀)အုပ်နှင့် သော့တွဲ(၁၀၀)ခု အား လိုက်လံ ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်

ကျော်ကျော်လတ်(ပြန်/ဆက်)