မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၈
မော်လမြိုင်ကျွန်းမြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့်တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ)၊Facility Quarantine Centre များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးနိုင်ရန် ကျန်းမာရေးသုံးအထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးရုံးခန်းမတွင်ဆောင်ရွက်သည်။
ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းထံသို့ ပေးပို့လှူဒါန်းသော PPE ဝတ်စုံ ၊ Surgical gowns ၊ N95 mask ၊ Face Shield ၊ ခွဲစိတ်ခန်းသုံး လက်အိတ်များ၊ ခေါင်းစွပ်များနှင့် ကိုဗစ်−၁၉ ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဦးကျော်ဌေးမှမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းထံသို့ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၇)ပုံး၊ (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ (Quarantine Center)သို့ (၂)ပုံးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Quarantine Center များ သို့(၁)ပုံး၊ စုစုပေါင်းရေသန့်ဆေး (၂၄၀)ထုပ်ပါ(၁ဝ)ပုံးအား လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြကြောင်း သိရှိရသည်။
သီတာအောင်(ပြန်ဆက်)