နမ့်ဆန်၌ အသက်၆လမှ ၅နှစ်အောက်ကလေးများအား Vit Aနှင့် သန်ချဆေးတိုက်ကျွေးပေး

 

နမ့်ဆန်   ဩဂုတ်   ၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီး ကျေးလက် ကျန်းမာရေးဌာနမှ အသက်၆လမှ ၅ နှစ်အောက်ကလေးများအား Vit Aနှင့် သန်ချဆေး တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ဩဂုတ်လ ၃ ရက် နံနက်(၁၀)နာရီ ဆောင်ရွက်သည်။

အဆိုပါကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ဇယန်းကြီးကေျးလက်ကျန်းမာရေးမှူး ဦးအောင်မြင့်နှင့် ကျန်းမာရေး ဝန်ထမ်းများတို့က မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် စနစ်တကျလိုက်နာပြီး ဇယန်းကြီး ကျေးရွာအုပ်စု အတွင်းရှိ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် အသက်၆လမှ ၅နှစ်အောက် ကလေးများအား Vit Aနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို အခြားရပ်ကွက်၊ ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန် ဆက်)