ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းများ လိုက်နာမှုပါက ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်

ဟားခါး         ဒီဇင်ဘာ          ၁၈

ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ၊မရှိ မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့မှစ၍ စားသောက်ဆိုင်(၅၄)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း၊ ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့် ဆိုင်များအား ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝ ဘေးအန္တရယ် ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဟားခါးမြိုနယ် ကိုဗစ်-၁၉ ​​ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

“ဟားခါးမြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့် ပြုနိုင်ရေး ဖွင့်လှစ်လိုတဲ့ဆိုင်တွေကို မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြခိုင်းထား ပါတယ်။ ဖွင့်လှစ်ဖို့တင်ပြလာတဲ့ဆိုင်တွေကို မြို့နယ် ကိုဗစ်-၁၉ ​​ ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေနဲ့ ပြည့်စုံပြီဆိုရင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ မပြည့်စုံသေးဘူးဆိုရင်တော့ ဖွင့်ခွင့်မပြုသေးဘဲ ပြည့်စုံအောင်ထိဆောင်ရွက်ခိုင်းမှာ ဖြစ်ပါတယ်။ အခုဆိုင်ထိုင် စနစ်ရောင်းချခွင့်ပြုထားတာ(၅၄) ဆိုင်ရှိပါတယ်၊ ဆိုင်ထိုင်ခွင့်ပြုထား တဲ့ဆိုင်တွေကို သတ်မှတ်စည်းကမ်းများ လိုက်နာမှု မရှိရင် အရေးယူဆောင်ရွက်မယ့် အကြောင်း နှင့်ပတ်သက်ပြီး ကတိဝန်ခံချက်တွေကိုလည်း ရေးခိုင်းထားပါတယ်။ ဆိုင်ထိုင်ခွင့်ပြုတဲ့ ဆိုင်ရှေ့တွေမှာ “ဆိုင်ထိုင်ခွင့်ပြုပါသည်”ဆိုင်းပုဒ်လေးတွေ ကပ်ပေးထားပါတယ်။ ထပ်ပြီးလာတင် ထားတာ (၂)ဆိုင်ရှိပါတယ်၊ နောက်ထပ်လာတင်ပြသူကို ဆက်လက်ဆောင်ရွက်သွားပေးမှာပါ၊ ဟားခါးမြို့မှာ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း (၁၁၆)ဆိုင်ရှိပါတယ်။အလားတူ ဖွင့်လှစ်ခွင့်ပြုပြီး ဆိုင်တွေကိုလည်း ညွှန်ကြားချက်တွေနဲ့ အညီ ဆက်လက်ဆောင်ရွက်မှု ရှိ၊မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်မှု မရှိတာကို စစ်ဆေးတွေ့ရှိပါက ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ဟားခါးမြိုနယ် ကိုဗစ်-၁၉ ​​ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီဝင် တစ်ဦးက ပြောပြပါတယ်။

ဟားခါးမြို့ပေါ်မှာ ရှိကြတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက်ထားရှိကြောင်း ဟားခါးမြိုနယ် ကိုဗစ်-၁၉ ​​ရောဂါ ကာကွယ်ရေး နှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)