မံစီ ဒီဇင်ဘာ ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရမည့် ဒေသန္တရ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးနိုင်ကိုကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်တို့က အမှာစကား များပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလွင်က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း ( Myanmar Sustainable Development Plan- MSDP) (၂၀၁၈-၂၀၃၀)၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၈) Project Bank ချိတ်ဆက် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍တက်ရောက်လာသည့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ် အတွင်း ဦးစားပေးအလိုက် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစီးမံကိန်းများကို တင်ပြကာတက်ရောက်လာသူများနှင့်လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်သာ ယာရေး ကော်မတီအဖွဲ့ဝင်များ၊ရပ်မိရပ်ဖများ၊ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)