ဟိုပုံး ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန် တိုင်းတွင် Mask တပ်ဆင် သွားလာမှု ရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိ သူများက Mask Campaign များကို မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံများတွင် ယနေ့ မွန်းလွဲ (၃)နာရီ အချိန် က ဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလမ်းများ၌ Mask တပ်ဆင်လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုး အဓိက ကာကွယ်ရမည့်နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင်ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask ကို စနစ်တကျ တပ်ဆင်ရေး အတွက် အသိပညာပေး ပြောကြား ပြီး Mask(၂၅၀)ခု ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ် နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းကာ နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)