၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် စတုတ္ထတန်း(Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်း ဖွင့်လှစ်ပို့ချ

ချီဖွေ     သြဂုတ်   ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ.ထ.က ကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် စတုတ္ထတန်း(Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းကို သြဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စ၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နောက်ဆက်တွဲသင်တန်းကို  သြဂုတ် (၁) ရက်နေ့မှ သြဂုတ်လ (၇) ရက်နေ့ထိ ဆွေးနွေးပို့ချသွားမှာဖြစ်ပြီး  သင်တန်းသား/သင်တန်းသူ(၁၁၇)ဦး၊ သင်တန်းနည်းပြ (၂၄)ဦးနှင့် သင်တန်းခန်း (၆) ခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်ထားရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ သွားလာနေထိုင်ခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေကာ ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

ယခုဖွင့်လှစ်သည့် မြို့နယ်အဆင့် စတုတ္ထတန်း(Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းသည် ပထမပတ်တွင် တက်ရောက်ရန် ကျန်ရှိသော ဆရာ/ဆရာမများနှင့် (PPTT) သင်တန်းကျောင်းဆင်း ဆရာ/ဆရာမများအား မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ဘဝတွက်တာ၊ အနုပညာ၊(ပန်းချီ)၊ အနုပညာ (ဂီတ)၊ ကာယဘာသာရပ် (၁၀)မျိုးပို့ချ ဆွေးနွေးလျက် ရှိပါကြောင်း လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဇုန်းဘောမ်မှ ပြောကြားသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)