မတ္တရာ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စားစနစ် ပြန်လည်ဖွင့်ခွင့် ပြုနိုင်ရေးအတွက် စျေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံအသိပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မတ္တရာမြို့ ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးစန်းအောင်မှ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်ခဲ့သူများသည့် စျေးဆိုင် များ ယာယီပိတ်သိမ်းခဲ့မှု ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့မှု၊ စျေးဆိုင်များအား ရှောင်တခင် စစ်ဆေး၍ နှာခေါင်းစည်းများ တပ်ဆင်၍ ရောင်းချ ခြင်းမရှိသည့် စျေးဆိုင်များအား ဒဏ်ငွေဆောင်ပြစ်ဒဏ်ချမှတ်ခြင်း အခြေအနေများ၊ ယခု ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာ တွင်လည်း သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီသည့် A အဆင့် သတ်မှတ်ခံရသော ဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း စည်းကမ်းချက်နှင့် မကိုက်ညီဘဲ ဖွင့်လှစ်သည့် ဆိုင်များအား ပထမအကြိမ်တွင် ဒဏ်ငွေသုံးသောင်းကျပ်၊ ဒုတိယ အကြိမ်တွင် ဆိုင်(၃)ရက် ပိတ်သိမ်းခြင်းနှင့် တတိယအကြိမ်စစ်ဆေးတွေ့ရှိပါက ကူးစက် ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဉပဒေဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်းဖြင့် အမှာစကားပြော ကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးအရာရှိ ဒေါက်တာ ရဲမြတ်မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများ၊ ပိုးတွေ့လူနာများအား ဆေးရုံတွင်ထားရှိ၍ ကုသပေးနေမှု များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခင်မောင်ထွေးမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
စည်းကမ်းချက်များ ကိုက်ညီသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်၍ ဖွင့်လှစ် ခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်းချက်များလိုက်နာခြင်း ရှိ/မရှိ ကို ပူးပေါင်းအဖွဲ့များနှင့် လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။
စိုးကျော်သူထွေး(မတ္တရာ)