မိုးကုတ် ဒီဇင်ဘာ ၁၉
မိုးကုတ်မြို့တွင် ယာယီပိတ်ထားခဲ့သော ကျောက်မျက်ရတနာများ ရောင်းဝယ်ရာ အဓိကနေရာများ ဖြစ်ကြသည့် ပန်းခြံထာပွဲ စျေးနှင့် မဏိမင်္ဂလာ ကျောက်မျက်ဈေးတို့ကို မြို့နယ် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးနှင့် အရေးပေါ် တုံပြန်မှုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ခွင့်ပြုချက်တို့ဖြင့် ဒီဇင်ဘာ (၂၀) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကေျာက်မျက်ရတနာ ရောင်းချသည့် ဆိုင်ခန်းများကို စုံ/မ ခွဲခြား၍ တစ်ရက်ခြား ရောင်းချစေရေး၊ ရောင်းချသည့် ဆိုင်များတွင် လက်သန့်ဆေးရည်ဘူး ထားရှိသုံးစွဲရေး၊ နှာခေါင်းစည်း Mask နှင့် Face shield များ တပ်ဆင်အသုံးပြုရေး၊ လက်အိတ်များ အသုံးပြုကာ ရောင်း၀ယ်ရေးတို့ကိုလည်း တိုက်တွန်းနှိုးဆော် ထားကြောင်း သိရသည်။
အဆိုပါ ထာပွဲများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်)မှ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများလုပ်ဆောင်ခဲ့ ကြကြောင်း သိရသည်။
ဖြိုးမမ (မိုးကုတ်)