ဟားခါးမြို့တွင် အနိမ့်ဆုံးအပူချိန် အနုတ် ၄.၇ ဒီဂရီစင်တီဂရိတ်ရှိ၍ ရေခဲခြင်းအထိ အအေးပို

ဟားခါး    ဒီဇင်ဘာ    ၁၉

ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ အချိန်တိုင်းတာချက်အရ ဟားခါးမြို့ပေါ်တွင် အနိမ့်ဆုံး အပူချိန် အနုတ် ၄.၇ ဒီဂရီစင်တီဂရိတ်ရှိ၍ ရေခဲခြင်းအထိ အအေးပိုကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ကျွန်မတို့ မနက်အစောကြီး စျေးထွက်ရောင်းရတယ်၊ မနက်အရမ်းအေးလာတော့ အနွေးထည်တွေ၊ စောင်တွေခြုံရတယ်၊ အခက် အခဲတော့ရှိပါတယ်၊ဒါပေမယ့် စျေးထွက် မရောင်းရင်လဲ မရဘူးပေါ့” ဟု မနက်စျေးရောင်းသည့် စျေးသည်တစ်ဦးမှ ပြောကြားခဲ့သည်။

ဟားခါးမြို့ပေါ် ရပ်ကွက်များတွင် ရေခဲခြင်း၊ နှင်းရည်ခဲခြင်းများအထိ အအေးပိုသောကြောင့် နံနက်စျေးရောင်း၊ စျေးဝယ်သည့် ပြည်သူများအနေဖြင့် အခက်အခဲများကြုံတွေ့ နေရကြောင်း သိရသည်။

အောင်ခွီရှိန်း (ခရိုင် ပြန်/ဆက်)