ဖရူဆိုမြို့၌ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ဖရူဆို            ဒီဇင်ဘာ        ၁၉

ကယားပြည်နယ်လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ လုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို  ယနေ့ နံနက် နာရီ အချိန်က မြို့နယ်လူမှုဝန်ထမ်းရုံး၌ ပြုလုပ်သည်။

သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးစန်းက လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ဆောင်ရွက်နေတဲ့ လုပ်ငန်း ကြီး () ရပ်အနက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် အဓိကအခန်း ကဏ္ဍမှ ပါဝင်သော လုပ်ငန်းဖြစ်သည် နှင့်အညီ အမျိုးသမီးများ၏ အသက်မွေးဝမ်း ကျောင်းမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်ရွာဒေသအတွင်း ဆင်းရဲမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် အမျိုးသမီးများ ဝင်ငွေရလုပ်ငန်းအဖြစ် တစ်ပိုင် တစ်နိုင် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက အခြေခံ/ အဆင့်မြင့် စက်ချုပ်သင်တန်း ၊ ဇာထိုးပန်းထိုးသင်တန်း၊ ပန်းအလှပြင်သင်တန်းနှင့် မုန့်လုပ်နည်း သင်တန်းတို့ကို သင်တန်းကျောင်း အခြေပြုနှင့် ရပ်ရွာ အခြေပြုပုံစံ()မျိုးဖြင့် သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သင်တန်းမှရရှိသော ပညာရပ်များကို မိမိတို့ ရပ်ရွာ တွင် ပြန်လည် အသုံးချကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာန နည်းပြသင်တန်းဆင်း ဆရာမ (၂)ဦးမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ဖရူဆိုမြို့နယ် အတွင်းရှိ မုန့်လုပ်နည်းပညာ စိတ်ဝင်စားသူ အမျိုးသမီး (၁၅)ဦးအား ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ()ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)