အင်္ဂပူ၊ ဒီဇင်ဘာ-၁၉
အင်္ဂပူမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နေ့လည်၂နာရီက အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးမြစ်ထိပ်ကျေးရွာတွင် ကမ်းပြိုမှုကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော အိမ် ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိ က္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အင်္ဂပူမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ (၁၇)ရက်နေ့က နောက်မီးကျေးရွာအုပ်စု၊ နောက်မီးမြစ်ထိပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၄၀၀ဝဝဝိ/-) ၊ လူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး ထောက်ပံ့ငွေကျပ် (၃၁၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး - (၄၃၁၅၀ဝ/-)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)