ပြင်ဦးလွင် ဒီဇင်ဘာ ၁၈
ပြင်ဦးလွင်မြို့နယ်တွင်းရှိ Facility Quarantine Center များတွင် သတ်မှတ်အရေအတွက် ရောက်ရှိသောကြောင့် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ထို့နောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့သည် ပြင်ဦးလွင် မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်မှ Quarantine ဝင်ရောက်ရန်လိုအပ်သူများအတွက် အထက(၁)၊ အလက(၂)၊ ခရိုင်အားကစားကွင်း၊ သစ်တောကျောင်း၊ မြေတိုင်းကျောင်းစသည့် နေရာများရှိ ကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှုခဲ့ကြသည်။
ထို့အပြင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ နယ်မြေ(၅)ခုမှ ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် နယ်မြေ(၁)အတွက် ဝက်ဝံကျေးရွာ အထက်တန်းကျောင်း၊ နယ်မြေ(၂) ရွှေသင်းကျေးရွာအထကခွဲ၊ နယ်မြေ(၃) ရပ်ကွက်ကြီး(၁၇)ရှိတောင်စလင်း ဘုန်းကြီးကျောင်း၊ နယ်မြေ (၄)ဆင်လမ်းကျေးရွာ အထကကျောင်း၊ နယ်မြေ (၅) ရပ်ကွက်ကြီး(၂၁) အထက်တန်း ကျောင်းများတွင် အသီးသီး ပြင်ဆင်လျက်ရှိရာ Quarantine Center တစ်ခုလျှင် ပျမ်းမျှလူဦးရေ(၂၀၀)ခန့်ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြတ်ဆုမွန်