ငါန်းဇွန် ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် စီကောင်းကျေးရွာအုပ်စု ဘုံသာကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၁၈ပေ၊ ၁၈ပေ၊ သွပ်မိုးထရံကာ၊ မြေစိုက်) တစ်လုံး (လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိ) ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က အဆိုပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရ သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းသည် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာ တန်ဖိုးငွေကျပ် (၈၉၄ဝဝိ/-)တို့ကို လူနေအိမ် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)