မလှိုင်မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ အခြေခံလူတန်းစား အိမ်ထောင်စု(၁ဝ၁၉)စု ထောက်ပံ့ပေးအပ်နေမှုအား ကြည့်ရှုစစ်ဆေး

မလှိုင်  ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမတီက္ကဋ္ဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသည် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထပ်တိုးတင်ပြ တောင်းခံထားသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို တာဝန်ကျဌာနဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင်ကြီးကြပ်၍ မြေပြင်ကွင်းဆင်းပေးအပ်နေမှုအခြေအနေကို ယမန်နေ့ နေ့ညနေပိုင်းက အမှတ်() ရပ်ကွက်၊ အမှတ်() ရပ်ကွက် ၊ထန်းတောကျေးရွာ ၊ပန်းအိုင်ကျေးရွာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု  (၃ဝ)မှ  ထပ်တိုး တင်ပြတောင်းခံထားသော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁ဝ၁၉)စုကို တစ်အိမ်ထောင်လျှင် ငွေကျပ် (၂ဝဝဝဝ)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂ဝ၃)သိန်း ()သောင်းကို ထောက်ပံ့သွားမည် ဖြစ်သည်။ ယခင်က ငွေကြေး ထောက်ပံ့ရာတွင် မပြေလည်မှုများ ရှိခဲ့သဖြင့် ယခုတစ်ကြိမ် ထောက်ပံ့ငွေပေးအပ်ရာတွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် ကြီးကြပ်၍ ကွင်းဆင်းပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။        

အောင်ဌေး(မလှိုင်)