မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက် လမ်းပေါ်တွင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

မယ်စဲ့ ဒီဇင်ဘာ ၂၀                                                   

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဟိုဂျစ်-ဟိုဖ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား  ယမန်နေ့ နံနက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီ ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက် မြေသားလမ်းသည် အရှည်(၁၀/၄)မိုင် ရှိပြီး ယခုဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၁၄.၉၃၂ သန်းဖြင့် မြင်စိုင်းရွှေပြည်ကုမ္ပဏီက အဆိုပါ လမ်းပေါ်တွင် အရှည်(၃/၀)မိုင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး လွှတ်တော်ကိုယ်စားလှယ်များနှင့်အဖွဲ့က ကွင်းဆင်း စစ်ဆေးခြင်း ဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်မနှင့်ပြည်နယ်များ အကြားအလပ်မရှိ ဟန်ချက်ညီညီ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဗြုန်းကျောက် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက နယ်စပ်အစွန်အဖျားရှိ ကျေးရွာပြည်သူများအတွက် သွားလာ ရေး လွယ်ကူချောမွေ့ မည်ဖြစ်ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)