ရေဖြူ ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ရှိ နေရပ်ပြန်အသွားအလာစောင့်ကြည့် ရေးစခန်း (Quarantine Centre) တွင် အသုံးပြုရန် ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက သဘာဝ ဓာတ်ငွေ့ စီမံကိန်းတာဝန်ခံ အလှူရှင်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် ဇောတိက၊ ရဲတံခွန်နှင့် ရတနာ သဘာဝ ဓာတ်ငွေ့စီမံကိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကံပေါက်ကျေးရွာ Quarantine Centre တွင် လိုအပ်သည်များ အသုံးပြုနိုင်ရန် ငွေကျပ်သိန်း(၃၀)ကို ပေးအပ်လှူဒါန်းရာ ကံပေါက်ရွာ Quarantine Centre တာဝန်ရှိသူက လက်ခံရယူကြောင်း သိရသည်။
အဆိုပါ ဇောတိက၊ ရဲတံခွန်နှင့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းများအနေဖြင့် ကံပေါက်ကျေးရွာ Quarantine Centre ကို လိုအပ်သည်များ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ အများ ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)