ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာ ကမ်းပြိုဘေးသင့်မိသားစုအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်

ဘိုကလေး ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ  (၃-က)ရပ်ကွက်တွင် ဒီဇင်ဘာ (၁၇)ရက် နေ့၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ မြစ်ကမ်းနံဘေးတွင် နေထိုင်သည့် တဲအိမ်(၁)လုံး ပြိုကျ ပျက်စီးခဲ့သဖြင့် ယမန်နေ့ နေ့လယ်(၂)နာရီခန့်၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထောက်ပံ့ပေးအပ်ရာတွင် ဘေးသင့် မိသားစုဝင်၏ လက်ဝယ်အရောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးရဲလင်းထက်၊ သာပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် ဘေးသင့်မိသားစုဝင် (၁၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)