ကျိုင်းတုံ ဩဂုတ် ၅
ရှမ်းပြနယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပန်ကြူကျေးရွာအုပ်စု၊ နမ့်ဆီး(၄)၊ နမ့်ခတ်ကျေးရွာအုပ်စု၊ ကယ်ဝှက် ကျေးရွာတို့တွင် ဩဂုတ် ၃ ရက် နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၆ လုံး အမိုးလန်ပျက်ဆီးခဲပြီး လူနှင့်တိရစ္ဆာန် ထိခိုက်/ဒဏ်ရာ ရရှိမှုမ ရှိကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကွယ်ဝှက်ကျေးရွာ နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် နမ့်ဆီ (၄) ကျေးရွာတွင် နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု ၆ စု၊ လူဦးရေး ၄၈ ဦး လေဘေးသင့်ခဲ့ပြီး စုစု ပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၈၅၀၀၀၀ ခန့်ဖြစ်ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်/ဒဏ်ရာ မရရှိကြောင်း သိရသည်။
အဆိုပါ လေဘေးသင့် ပြည်သူများထံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း တို့က ထောက်ပံ့ငွေများ လှူဒါန်းပေးအပ်ပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးကာ ကျိုင်းတုံ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ် ၆ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀ ၊ အိမ်ထောင်စု ၆ စုအတွက် ကယ်ဆယ်ရေး ပစ္စည်း ၁၀ မျိုး၊ လူဦးရေ ၄၈ ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာနှင့်အတူ ကျိုင်းတုံမြို့နယ် ကြက်ခြေနီ အသင်းခွဲ မှ တာဝန်ရှိသူများကလည်း တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် တာပေါ်လင် မိုးကာများ ကို ဩဂုတ်လ ၃ ရက် ညနေ ၄ နာရီက သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)