မိုးညှင်း ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာကန့် သတ်စောင့်ကြည့်ရေး စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် Volunteerများအတွက် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးတွင် အသုံးပြု ရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်း ၂၂မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်း၂၀ကျော်တွင် ပါဝင်ကူညီနေကြသည့် Volunteerများအတွက် ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများအပါအဝင် တစ်ကိုယ်ရေးသုံးကျန်းမာရေးအထောက်အကူ ပြုပစ္စည်း(၂၂)မျိုးကို မြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူ များက ပေးအပ်ရာသက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများရှိ အဖွဲ့ခေါင်းဆောင် များက လက်ခံရယူခဲ့ကြသည်။
ယခုထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှတဆင့် မြို့နယ်/မြို့များအလိုက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး လက်ရှိ မိုးညှင်းမြို့နယ်အတွင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း၂၀ကျော်ရှိပြီး ဒီဇင်ဘာလ၁၉ရက် နေ့ည နေ(၆)နာရီအချိန်အထိ မြို့နယ်အတွင်းအသွားအ လာကန့်သတ်စောင့်ကြည့်ခံရသူ၂၈၄ဦး ရှိကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်များအရသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)