ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာနေ တိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ် စေရေး (Mask) များဖြန့်ဝေ

ဟိုမိန်း ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိရာ မယ်အောကျေးရွာအုပ်စု အတွင်းရှိ  ကျေးရွာများသို့ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟိုမိန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်မားလာသည့် အတွက် ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဟိုမိန်းမြို့အတွင်းရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့နေအိမ်မှ ပြင်ပသို့ ထွက်ခွါတိုင်း နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြစေရန်အတွက် (Mask)များ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို မယ်အောကျေးရွာအုပ်စုအတွင်းရှိ ‌ဝေးလံခေါင်းပါးသော ဟွေဟကျေးရွာ၊ ဝမ်မိုင်ကျေးရွာနှင့် မယ်အောကျေးရွာရှိ အိမ်ထောင်စုများ၏ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။       

ရဲနောင်(ဟိုမိန်း)