မော်လမြိုင်ကျွန်းမြို့နယ်၌ အဝင်အထွက်ကန့်သတ်ထားသည့် လမ်းများသို့ စေတနာရှင်များမှဆန်နှင့် စားသောက်ကုန်ပစ္စည်းများလှူဒါန်း

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၀

မော်လမြိုင် ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု့ရှိသည့်လမ်းများအား ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဝင်အထွက်ကန့်သတ်သည့်လမ်းများအဖြစ် သတ်မှတ်ကြေညာထားရှိသည်။ မြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၄၂၈)ဦး ၊ ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ(   ၃၆၈ )ဦး ၊ လက်ရှိဆေးကုသမှု့ခံယူဆဲလူနာ( ၅၇  )ဦး ရှိပြီး သေဆုံးသူ(၃)ဦး ရှိသည်။ အဆိုပါ အဝင်အထွက်ကန့်သတ်ထားသည့်လမ်းများရှိ အိမ်ထောင်စုများစားဝတ်နေရေး အဆင်ပြေစေရေး အတွက် မြို့နယ်အတွင်းရှိစေတနာရှင်များမှ စားသောက်ကုန်ပစ္စည်းများလှူဒါန်းလျက်ရှိသည်။ ယနေ့နံနက်၁၁နာရီအချိန်ကျူချောင်းကျေးရွာ ရွှေမော်ကျွန်း ဆရာတော်နှင့်စေနာရှင်ဒကာ၊ ဒကာမများမှအမှတ် (၁၁)ရပ်ကွက် သီတာလမ်းရှိအိမ်ထောင်စု(၁၄)စု့အတွက်ဆန်တစ်အိပ်၊ ဆီ၂ပိသာ၊ကြက်သွန်၂ပိသာ၊ အာလူးတစ်ပိသာ၊ အချိုမှုန့်တစ်ထုတ်စီပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီးအမှတ် (၉)ရပ်ကွက်ခိုင်ရွှေဝါလမ်း အိမ်ထောင်စု(၆၄)စု့အတွက် အလူရှင်များဖြစ်ကြသော ကိုထွန်းထွန်းဝင်း ကိုကျော်ဆွေ ၊ကိုဇော်ဝမ်း ၊ကိုရွှေသာ၊ ကိုသန်းဝင်း ၊ကိုထွန်းထွန်း၊ကိုဇော်မင်းဦး ကိုငြိမ်းချမ်း၊မလဲယဉ်မွန်၊ကိုအေးမြင့်တို့ မှတစ်အိမ်ထောင်လျှင်ဆန် ၄ ပြည် ဆီ ၅၀ သားကြက်သွန်နီ ၊အချိုမှုန့် ၊ဆား နှင့် ခေါက်ဆွဲထုပ်များစုပေါင်းလှုဒါန်းကြကြောင်းသိရှိရသည်။

သီတာအောင်(ပြန်ဆက်)