တနင်္သာရီမြို့နယ် ပညာရေးဌာနနှင့်ပူးပေါင်းအဖွဲ့မှ လူထုလှုပ်ရှားမှု(Mask Campaign) ပညာပေးပြုလုပ်

တနင်္သာရီ  ဒီဇင်ဘာ၂၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ် ပညာရေးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စည်ဖြိုးတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲလာစေရေးအတွက် နေအိမ်မှအပြင်သို့ ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျမဖြစ်မနေ တပ်ဆင်အသုံးပြုရေး လူထုလှုပ်ရှားမှု(Mask Campaign)ကို ပူးပေါင်းပြုလုပ်ကြောင်း သိရှိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် စည်ပင်သာယာအောင်မင်္ဂလာဈေး(၁)နှင့်ယာယီပျံ ကျဈေး၊ လူအသွားအလာ များ သည့် ဗောဓိကမ်းကူးတို့ဆိပ်နှင့် တနင်္သာရီတံတားထိပ်နေရာများမှာဈေးရောင်း/ဈေးဝယ်သူများ၊ ခရီးသွားပြည်သူများ အား အပြင်သို့ထွက်တိုင်း (Mask)တပ်ရန် ပညာပေးပြောကြားခြင်း၊ လက်သန့်ဆေးရည်ဖျန်း ပေးခြင်း၊ မြို့နယ်ပညာရေးဌာနမှ ပါးစပ်နှင့်နှာခေါင်း စည်း(Mask) (၁၅၀၀)နှင့်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှပညာပေးလက်ကမ်း(၄၀၀)စောင်ကိုအခမဲ့ဖြန့်ဝေပေးခြင်းတို့ဖြင့် လူထုလှုပ်ရှားမှု(Mask Campaign) ကိုပြုလုပ်ကြောင်း သိရှိရသည်။

အလားတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ကလည်း ဈေးရောင်းချသူများ၊ ခရီးသွားမိဘပြည်သူများ၊လမ်းသွားလမ်းလာများအနေဖြင့် နေအိမ်မှ အပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်အသုံးပြုကြပါရန်၊ ဖျားနာခြင်း၊ နာချေချောင်းဆိုးခြင်း၊ အနံ့အရသာမရရှိခြင်း တို့ဖြစ်ပွါးပါက အပြင်သို့ မထွက်ဘဲ နေအိမ်တွင်သာနေထိုင်ကြပြီး ဈေးတာဝန်ခံမှတစ်ဆင့်သော်၎င်း/ မိမိကိုယ်တိုင်သော် လည်းကောင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ချက်ခြင်းသတင်းပို့ပေးကြပ်ရန်၊ ထို့အပြင် ဈေးရောင်းသူနှင့် ဈေးဝယ်သူအကြား အနည်းဆုံ(၆)ပေခြား၍ နေရာသတ်မှတ်ထားပေးရန်၊ ဈေးရောင်းသူများအနေဖြင့် Mask နှင့်အတူမျက်နှာအကာ Face Sheild ကိုပါတပ်ဆင်ထားကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် လှုံ့ဆော်ကြေညာပေးခဲ့ သည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)